Description
ရှေ့တန်း ချေမှုန်းရေးဒိုးမယ့် ရဲဘော်ကို သူ့ရဲဘော်ရဲဘက်တွေက လှမ်းအော်ပြောလိုက်တဲ့ စကား ‘ဟျောင့် စောက်ဂရုစိုက်’တဲ့။
မယဉ်ကျေးလိုက်တာ .. စောက်တဲ့ ။
နားမဝင်ချိုလိုက်တာလို့ ခင်ဗျားတို့ပြောချင်ပြောကြအုံးမှာ။
ကျနော်တို့တွေအတွက်တော့ အဲဒီခပ်ကျယ်ကျယ် အော်ပြောလိုက်တဲ့ စကားးလုံးတွေထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် နွေးထွေးမှုတွေပါတယ် အမိန့်ဆန်ဆန် ဂရုစိုက်မှုတွေပါတယ်။
“သားကြီး ဂရုစိုက်” “သယ်ရင်း ဂရုစိုက်” ဘာညာက ပုံမှန်အထာ။”ဟျောင့် စောက်ဂရုစိုက်” ဆိုတာက အထူးဂရုစိုက် ဆိုတဲ့သဘော ကျနော်တို့ရပ်ကွက်အထာပေါ့။
ဒီစကားကို ကျနော်တို့ တယောက်နဲ့တယောက် အကြိမ်များစွာ ပြောခဲ့ဖူးပါတယ်။အဲဒီလိုပြောခဲ့ဖူးတဲ့အထဲက တချို့ကောင်တွေလည်း မရှိကြတော့ပါဘူး။
အေးကွာ ဘယ်နေရာပဲရောက်ရောက် ဘယ်ကမ္ဘာပဲရောက်ရောက် ဘယ်ဂြိုလ်တွေပဲရောက်ရောက် ကိုယ်ကိုကိုယ် ဂရုစိုက်ကွာ ပတ်ဝန်းကျင်ကို စောက်ဂရုမစိုက်နဲ့။
#ThawKaHlaKyaw #ကျနော်တို့ဖြတ်သန်းခဲ့တဲ့ခေတ်ကြီးထဲကအခိုက်အတန့်တချို့ပါ














Reviews
There are no reviews yet.